Thursday, July 8, 2010

Inspiring Sayings (Part – 1)

1. A new year is a new chance to start a new and better life. Make the most of it!
- နှစ်သစ်ဆိုတာ သစ်လွင်ပြီး ပိုကောင်းတဲ့ ဘဝတစ်ခုကို စတင်ဖို့ အခွင့်အရေးသစ်ပါပဲ။ ဒီအခွင့်အရေးကို အကျိုးရှိရှိ အသုံးချလိုက်ပါ။
-Make the 'most of sth/sb / yourself=to gain as much advantage, enjoyment, etc. as you can from sb/sth: အကျိုးတစ်ခုခု၊ပျော်ရွှင်စရာတစ်ခုခုစသည်ကို များနိုင်သမျှများများ ရအောင် အစွမ်းကုန်လုပ်ဆောင်သည်။

2. At the start of this new year, reflect on what you have accomplished so far in your life and be thankful, but don’t be satisfied with that. Determine to reach for even greater things and you will achieve them.
- သင့်ဘဝတွင် အခုအထိ အောင်အောင်မြင်မြင် လုပ်ခဲ့တာတွေကို နှစ်စမှာ ဆင်ခြင်ပြီး ကျေနပ်နိုင်ပါစေ၊ ဒါပေမဲ့ ဒီလောက်နဲ့တော့ ကျေနပ်မနေပါနဲ့။ ဒီထက်ပိုပြီး အောင်မြင်မူတွေ ရအောင် လုပ်ဖို့ သန္နိဌာန်ချပါ။ ဒါဆိုရင် သင်ဟာ အောင်မြင်ရရှိဖို့ သေချာသွားပါပြီ။
-At the start/beginning/outset of sth=အစမှာ
-Reflect (on/upon sth)=to think carefully and deeply about sth=
သေသေချာချာ လေးလေးနက်နက် စဉ်းစားသည်။
-So far=until now; up to this point=အခုထိ
-Thankful= pleased=အားရကျေနပ်သော
-Satisfied with(sb/sth)=pleased= အားရကျေနပ်သော


3. Life is short. What did you do yesterday that you want to be remembered by? What will you do today?
-ဘဝဟာ တိုတောင်းပါတယ်။ အခြားသူတွေက သင့်ကို သတိရနေစေချင်တဲ့ ဘယ်အရာတွေကို မနေ့က သင်လုပ်ခဲ့ပါသလဲ။ ဒီနေ့ရော ဘာတွေလုပ်ဦးမှာလဲ။

-Want to V1=ချင်သည်။ Want to be V3 by.....=စေချင်သည်။


4. If you want to really live, start off each day by finding something to be thankful for.

-သင်ဟာ ဘဝကို တကယ်(အဓိပ္ပာယ်ရှိရှိ) နေထိုင်ချင်တယ်ဆိုရင် နေ့တစ်နေ့ကို ကျေးဇူးတင်စရာ တစ်ခုခု ရှာဖွေပြီးတော့တာ စတင်လိုက်ပါ။

-Start off= to begin
-Thankful for sth= တစ်ခုခုအတွက် ကျေးဇူးတင်သော


5. Success doesn’t run around begging to be discovered. Like buried treasure, only the most believing and persevering find it.

-အောင်မြင်မူဆိုတာ ရှာဖွေတွေ့ရှိပါစေလို့ (ဆု)တောင်းနေရုံသက်သက်နဲ့ ဖြစ်ပေါ်မလာပေ။ မြေအောက်မှာမြုပ်နေတဲ့ ရတနာလို အယုံကြည်ဆုံးနှင့် ဇွဲအကောင်းဆုံးသူတွေသာ ဒါကို တွေ့ကြတာပါ။

-Run around (doing)= to be very busy doing many small jobs= အရေးမပါတဲ့အရာတွေနဲ့ အလုပ်ရှုပ်နေသည်။
-The believing and persevering= အယုံကြည်ဆုံးနှင့် ဇွဲအကောင်းဆုံးသူတွေ
-The+Adjective=Plural Noun= The နှင့် Adj ပေါင်းလျှင် အများနာမ်ဖြစ်လာသည်။


6. A great deal of what you see depends on what you are looking for.

-သင်ရှာဖွေနေ(မျှော်လင့်ထား)တာတွေကိုပဲ သင်တွေ့တာပါ။

-[sing] A good / great of sth= much; a lot=အများအပြား(အနည်းကိန်း ယူလေ့ရှိသည်)
-Look for=to find sb/sth or to hope for sth; to expect sth=ရှာဖွေသည် (သို့) မျှော်လင့်သည်။


7. There is no happiness like knowing that you have made a difference in someone else’s life.

- သင့်ဟာ အခြားတစ်စုံတစ်ယောက်ရဲ့ ဘဝကို ထူးခြားအောင် ဖန်တီးလုပ်ဆောင်ခဲ့တယ်ဆိုတာ သိလိုက်ရခြင်းနှင့်တူတဲ့ ပျော်ရွှင်မှုမျိုးဆိုတာ မရှိပါ။

-Like (prepo)=similar to sb/sth or in the same way as sb/sth =အလားတူသော
Eg. There is no place like home. There is no time like present.


8. Showing a little real love not only encourages a person for the present, but gives him a brighter outlook on the future.
-စစ်မှန်သော မေတ္တာတရားကို အနည်းမျှ ဖော်ပြခြင်းသည် လူတစ်ယောက်ကို ပစ္စုပ္ပန်အခိုက်အတန့်တွင် အားရှိစေရုံမျှမက အနာဂါတ်အတွက်လည်း ပို၍လင်းလက်တောက်ပသော သဘောထားအမြင်ကို ဆောင်ကျဉ်းပေးပါသည်။

-Not only………., but (also)=သာမက……..လည်းပဲ။


9. To have friends, be a friend.
-To be remembered, remember others.
-To be loved, be loving.


-မိတ်ဆွေတွေရဖို့ (ကိုယ်တိုင်) မိတ်ဆွေတစ်ယောက် ဖြစ်ပါစေ။
-သူများတွေက ကိုယ့်ကိုသတိရစေဖို့ ကိုယ်ကလည်း သူများတွေကို သတိရပေးပါ။
-သူများတွေရဲ့ ချစ်ခင်မူကို ရရှိဖို့ ကိုယ်ကလည်း ချစ်ခင်တတ်ပါစေ။


10. Christmas is a time to see the world through the eyes of love. It is a time to remember that the world is made up of people like us. All have problems like we do, no matter who they are or where they come from.

-ခရစ်စမတ်ဆိုတာ ချစ်သောမျက်လုံးတွေနဲ့ ကမ္ဘာကြီးကိုကြည့်ဖို့ အချိန်အခါပါ။ ပြီးတော့ ကမ္ဘာကြီးဟာ ကျွန်ုပ်တို့လို လူသားတွေနဲ့ တည်ဆောက်ထားတယ် ဆိုတာကို သတိရဖို့ အချိန်အခါလည်းပဲဖြစ်ပါတယ်။ ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘယ်နေရာကပဲလာလာ ကျွန်ုပ်တို့မှာ ပြဿနာတွေရှိသလို လူတိုင်းမှာလည်း ပြဿနာတွေနဲ့ပါ။

-Make up of sth=to form sth=ဖွဲ့စည်းတည်ဆောက်ထားသည်။
-Like we do= like we have
-No matter who/where=ဘယ်သူတွေ၊ဘယ်နေရာက ပဲဖြစ်ဖြစ်

0 comments:

Post a Comment