Thursday, July 22, 2010

A Yet Greater Disease Than The greatest Present-day Diseases!


From Jetavana Monastery the Buddha surveys the world and sees a poor man ripe for attaining stream-entry in Ālavi. So, after daybreak, he leaves for Aggālava Monastery with five hundred bhikkhus.


On hearing the arrival of the Buddha, the poor man is eager to listen to the Dhamma. Coincidentally, however, his ox is astray then. So, he thinks ,“ Shall I listen to the Teacher or search for my ox? I will first find my ox and hear the Dhamma”.


After the meal is over, the Buddha waits for the poor man to come.


As the daylight fades, he finds his ox and immediately takes it back, and ties it up. Then, he thinks, “It is too late to hear the Dhamma, but I will, at least, pay my respects to the Teacher.” Then, in spite of being extremely hungry, he decides to go directly to see the Buddha and hurries to the hall, pays obeisance to the Buddha at once, and sits down at one side.


Then the Buddha tells the steward to serve the poor man some food if there is any alms-food remaining from the monks’ meal. The steward does as the Buddha wishes.


After eating, his physical suffering is relieved, and his mind becomes calm. Very soon afterwards, he listens to a gradual discourse of the Buddha. At the end of the discourse, he attains stream-entry.


And then the Buddha offers Anumodana and leaves with the bhikkhus.


On the way some of the bhikkhus are angry and grumbles about how the Buddha did regarding the poor man, since they are not able to understand seeing such kind of behavior of the Buddha for the very first time.


Then the Buddha clarifies the controversial points to the bhikkhus in detail.


Finally, the Buddha tells the bhikkhus, “When he finally came to see me, he had not eaten at all. I knew that, if I were to teach the Dhamma while he was suffering from hunger, he would not have been able to understand it. Therefore, I asked that he be fed. There is no pain like the pain of hunger,” reciting the following verse:

Hunger is the greatest disease;
Conditioned things are the greatest suffering.
For one who understands this as it really is,
Nibbāna is the greatest bliss.

– Dhammapada Verse 203
(The Story of a Hungry Man)





မျက်မှောက်ခေတ် အဆိုးဝါးဆုံးရောဂါတွေထက် ပိုဆိုးတဲ့
ရောဂါတစ်ခု ရှိပါသေးသတဲ့



ဗုဒ္ဓရှင်တော်မြတ်ဟာ ဇေတဝန်ကျောင်းတော်မှ ကမ္ဘာလောကကြီးကို ကြည့်တော်မူလိုက်တော့ အာဠဝီပြည်က သောတာပတ္တိမဂ်၊ဖိုလ် ရချိန်တန်နေတဲ့ ဆင်းရဲသားယောက်ျားတစ်ယောက်ကို မြင်တော်မူပါတယ်။ ဒါကြောင့် သူဟာ နံနက်မိုးသောက် အလင်းရောက်ပြီးနောက် နောက်ပါရဟန်းတော် ငါးရာနှင့်အတူ အဂ္ဂါလဝ ကျောင်းတော်သို့ ကြွတော်မူပါတယ်။


မြတ်စွာဘုရား ရောက်တော်မူတာကို ကြားတော့ ဆင်းရဲသားယောက်ျားဟာ တရားနာလိုတဲ့ဆန္ဒ ပြင်းပြ လာပါတော့တယ်။ ဒါပေမဲ့ တိုက်ဆိုင်ချင်တော့ အဲဒီအချိန်မှာ သူ့ရဲ့နွားက ပျောက်နေပါတယ်။ ဒါကြောင့် သူစဉ်းစားတာက “မြတ်စွာဘုရားရှင် တရားတော်ကိုပဲ နားရမလား ဒါမှမဟုတ် နွားပဲသွားရှာရမလား။ အေး ဟုတ်ပြီ၊ အရင် နွားသွားရှာမယ် ပြီးမှ တရားနာမယ်” ပေါ့။


ဆွမ်းဘုန်းပေးတော်မူပြီးတော့ မြတ်စွာဘုရားရှင်ဟာ ဆင်းရဲသားရောက်အလာကို စောင့်နေတော်မူပါတယ်။


ဆင်းရဲသားဟာ ညနေမိုးချုပ်တော့မှ နွားကိုတွေ့ပါတယ်၊ ချက်ချင်းပဲ နွားကို ပြန်ဆွဲလာပြီး ချည်ထားလိုက်ပါတယ်။ ပြီးတော့ သူစဉ်းစားတာက “တရားနာဖို့တော့ အရမ်းနောက်ကျသွားပြီ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မြတ်စွာဘုရားကိုတော့ ဖူးရတာပေါ့”။ အဲဒီအချိန်မှာ သူအရမ်းဗိုက်ဆာနေပါပြီ၊ ဒါပေမဲ့ မြတ်စွာဘုရားကို ချက်ချင်း သွားဖူးဖို့ ဆုံးဖြတ်လိုက်ပြီး ဓမ္မသာလာရှိရာသို့ ခြေသုတ်တင် ပါတော့တယ်၊ ချက်ချင်း မြတ်စွာဘုရားကို ရှိခိုးပြီးတော့ ဘေးတစ်ဖက်မှာ ဝင်ထိုင်လိုက်ပါတယ်။


အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က ကပ္ပိယကာရက(ပစ္စည်းထိန်း)ကို ရဟန်းတွေ ကျန်တဲ့ဆွမ်းထဲက အကျန်အကြွင်းအနည်းငယ်ရှိရင် ဆင်းရဲသားကို ကျွေးလိုက်ဖို့ မိန့်တော်မူလိုက်ပါတယ်။ ကပ္ပိယကာရကလည်း မြတ်စွာဘုရားရှင်ရဲ့ဆန္ဒတော်အတိုင်း ကျွေးလိုက်ပါတယ်။


အစာစားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ကိုယ်ခန္ဓာပင်ပန်းမူ သက်သာသွားကာ စိတ်လည်း တည်ငြိမ်လာပါတယ်။ အဲဒီနောက် ဆက်တိုက်ဆိုသလိုပဲ သူဟာ မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာအစဉ်ကို နားကြားပါတယ်။ တရားတော် ပြီးဆုံးတဲ့အခါမှာတော့ သူဟာ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ရှိသွားပါတယ်။

ဒီနောက်မှာတော့ မြတ်စွာဘုရားရှင်ဟာ အနုမောဒနာတရား ဟောကြားတော်မူပြီး ရဟန်းတွေနဲ့အတူ ပြန်ကြွတော်မူပါတယ်။


ပြန်ကြွရာ လမ်းခရီးမှာ ရဟန်းအချို့ဟာ ဆင်းရဲသားအပေါ်မှာ မြတ်စွာဘုရားရှင်ရဲ့ ပြုမူခဲ့ပုံနဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်ကာ တီးတိုးပြောဆိုကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပထမဆုံးအကြိမ်တွေ့လိုက်ရတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဒီလိုအပြုအမူမျိုးကို သူတို့ နားမလည်နိုင်ကြသောကြောင့် ဖြစ်ပါတယ်။


ထိုအခါ မြတ်စွာဘုရားရှင်ဟာ အချို့ရဟန်းတွေအတွက် မရှင်းမလင်းဖြစ်နေတဲ့ အချက်တွေကို ရှင်းလင်းဟောကြားတော်မူပါတယ်။


နောက်ဆုံးမှာတော့ မြတ်စွာဘုရားရှင်ဟာ ရဟန်းတွေကို “နောက်ဆုံး ငါဘုရားရှင်ကို ဖူးမြော်ဖို့ လာတဲ့အချိန်မှာ ဆင်းရဲသားဟာ ဘာမှမစားခဲ့ရသေးဘူး။ ဆာလောင်မူဒဏ်ကို ပြင်းထန်စွာ ခံစားနေရချိန်မှာ ငါဘုရား သူ့ကို တရားဟောရင်လည်း သူ တရားကို သဘောပေါက် နားလည်နိုင်မှာမဟုတ်ဘူး ဆိုတာ ငါဘုရား သိတော်မူတယ်။ ဒါကြောင့် သူ့ကို ကျွေးမွေးဖို့ ငါဘုရား မိန့်တော်မူခြင်း ဖြစ်တယ်။ ဆာလောင်ခြင်းနဲ့တူတဲ့ ဒုက္ခဝေဒနာဆိုတာ မရှိ။” လို့ အောက်ပါဂါထာကို ရွတ်ဆို၍ ဟောကြားတော်မူပါတယ်။


ဆာလောင်ခြင်းဟာ အဆိုးဝါးဆုံး ရောဂါဖြစ်တယ်။
အကြောင်းတရားတို့ ပေါင်းစပ်ဖြစ်ပေါ်လာသော သခါင်္ရတရားတို့်ဟာ အကြီးမားဆုံး ဒုက္ခဖြစ်တယ်။
ဖြစ်ပျက်သမျှသခါင်္ရတွေကို ယထာဘူတညဏ်ဖြင့် အမှန်အတိုင်း သိသူအတွက် နိဗ္ဗာန်ဟာ အလွန်မြတ်ဆုံးချမ်းသာ ဖြစ်တယ်။

- ဓမ္မပဒ ၂၀၃
- ဆာလောင်နေတဲ့ ယောက်ျားတစ်ယောက် ဝတ္ထု


Explanations ---


မှတ်ချက် ---- ဒီ Story - မှာ ဝတ္ထုကြောင်း ပြန်ပြောတဲ့အပိုင်းတွင် Simple Present Tense - ရိုးရိုးပစ္စုပ္ပန်ကာလကို သုံးထားပါတယ်။ Simple Present Tense - ကို “Story-telling-tense - ဇာတ်လမ်း ၊ ပုံပြင် ပြောရာတွင် အများဆုံး သုံးကြတဲ့ ကာလ” လို့ ခေါ်ကြတယ်။



@--Ripe (for Something)=ready or suitable for sth to happen=အချိန်တန်(ကျရောက်)နေသော၊ အသင့်ဖြစ်သော
-The Buddha sees a poor man who is ripe for…. ဆိုတဲ့ Adj Clause-ကို Wh-နှင့် Verb be-ကို ဖြုတ်၍ Adj Phrase - ပြောင်းရေးထားတာဖြစ်ပါတယ်။


@-- Stream-entry= သောတ္တိမဂ်၊ဖိုလ်


@--Daybreak=Dawn=the time of day when light first appears=အာရုံတက်၊ နံနက်မိုးသောက်


@--Leave for=တစ်နေရာရာသို့ ထွက်ခွာသည်။


@--On hearing = ကြားတဲ့အခါ
On+Ving = When


@--Eager to V1=Keen= Very interested and excited=အလွန်စိတ်အားထက်သန်သော


@--Coincidentally=တိုက်တိုက်ဆိုင်ဆိုင် ၊ တိုက်ဆိုင်ချင်တော့


@--Astray =Away from the correct path or direction = ပျောက်နေဆဲ၊ လွတ်နေဆဲ


@--The Teacher = The Buddha


@--Verb Be+over=ပြီးဆုံးသည်၊ ကျော်လွန်သည်။


@--To come= လာမည့်
ရှေ့မှာ Noun - ရှိရင် To V1-တွေကို ….မည့် ဆိုတဲ့ အနာဂတ်အဓိပ္ပာယ်ဖြင့် ယူလေ့ရှိတယ်။


@--Too late to hear the Dhamma=တရားနာဖို့ မဖြစ်နိုင်လောက်အောင် နောက်ကျနေသည်။
-Too Adj to V1=မလောက်အောင်……ပါသည်။ Eg. Too numerous to mention=ဖော်ပြ၍ မရနိုင်လောက်အောင် များပါသည်။ Too busy to talk=စကားမပြောနိုင်လောက် အလုပ်များနေပါသည်။


@--At least=(ဘာပဲဖြစ်ဖြစ်) အနည်းဆုံးတော့


@--Pay someone’s respects=အရိုအသေပေးသည်။

@--In spite of Noun/ Ving=သော်ငြားလည်း၊ လင့်ကစား၊ ပေမဲ့


@--Pay obeisance= အရိုအသေပေးသည်။


@--At once=Immediately=ချက်ချင်း ၊မဆိုင်းမတွ


@--If there is any alms-food remaining
(1)If there is any alms-food. (2) It remains.
(Adj Clause) If there is any alms-food that remains. (Present Participle Adj Phrase)If there is any alms-food remaining. Eg. There were only ten minutes remaining.


@--The steward does as the Buddha wishes.
-The steward serves as the Buddha wishes.


@--Very soon afterwards = ဒါပြီးနောက် သိပ်မကြာခင်မှာ


@--At the end of Noun=အဖြစ်အပျက် တစ်ခုခုရဲ့ အဆုံးမှာ၊ At the end -ကို သုံးတဲ့အခါ Of - နဲ့တွဲပြီး နောက်မှာ Noun- တစ်ခုခုရှိတယ်။
-In the end = အဆုံးတွင်(မှာ)၊ Of - နဲ့ Noun - မပါပါ။


@--Grumble (about / at sb/sth) = to complain about sb/sth in a bad-tempered way=အပြစ်တင်သည်။


@--About how the Buddha did = မြတ်စွာဘုရား ပြုမူခဲ့ပုံနဲ့ ပတ်သက်၍


@--Since = because


@--For the (very) first time = ပထမဆုံးအကြိမ်အဖြစ်(အနေနဲ့)


@--Controversial points = အငြင်းပွားစရာအချက်များ၊ အငြင်းပွားဖွယ်ရာများ


@--In detail = အသေးစိတ်၊ ခရေစေ့တွင်းကျ


@--At all = လုံးဝ၊ ဘာဆိုဘာမှ၊ At all-ကို Negative Sentence - မဟုတ်ဝါကျတွေမှာ များသောအားဖြင့် သုံးတယ်။


@--If I were = ဒီပုံစံကို ဖြစ်ခဲ့ပြီးတာကို မဖြစ်ခဲ့သလို၊ လုံးဝ မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်ပြီးပြောတဲ့အခါမျိုးတွေမှာ သုံးလေ့ရှိတယ်။
-တကယ်တော့ မြတ်စွာဘုရား တရားဟောတော်မူတဲ့အချိန်မှာ ဆင်းရဲသားဟာ ဆာလောင်ခြင်းမရှိတော့သလို တရားကိုလည်း နားလည်နိုင်ခဲ့တယ်။
-If I were a bird, I would fly to you so often. (စိတ်ကူးယဉ်သက်သက်ပုံစံ)


@--I asked that he be fed=
-Note – Ask, Advise, Suggest တို့ရဲ့ အသုံးအနှုန်းတွေဟာ တစ်ခါတစ်ရံမှာ အခြားကြိယာတွေ သုံးပုံနဲ့ မတူတာကို တွေ့ရတယ်။
-အထက်ဝါကျတွင် I asked (the steward) to feed him (the poor man)- လို့မရေးဘဲ I asked that he be fed. လို့ရေးတယ်၊ Passive Voice- ဖြစ်လို့ be -ထည့်ရေးတယ်၊(ဒီဝါကျမှာ he is - လို့ မသုံးရ၊ be - ကိုပဲသုံးရမယ်)
Eg. They advise that a passport be carried with you at all times. (ဒီဝါကျမှာ a passport is - လို့ မသုံးရ၊ be - ကိုပဲသုံးရမယ်)
They advise you to carry a passport with you at all times. လို့လည်း ရေးနိုင်သည်။
Eg. He suggested that we go for a drink. ( ဒါပေမဲ့ He suggested us to go -လို့ မရေးရလို့ ဆိုပါတယ်။)


@--Like (Prepo)=….နှင့်တူသော


@--As it really is = (ယထာဘူတညဏ်ဖြင့်) အမှန်ကို အမှန်အတိုင်း



































0 comments:

Post a Comment