Sri Subodharama Road, Peradeniya
January 11, 2010
Librarian
Main Library
University of Peradeniya,
Peradeniya, Sri Lanka
Dear Sir,
I am currently enrolled in Pali and Buddhist Studies Department. My Registration Number is: HD/MA/08/09/029. This month, I am involved in organizing The Second Annual Intensive English Course of Buddhist Relief Mission. For this course, classes will be held January 11 ~ 25 at Buddhist Publication Society in Kandy. The students will be thirty three Burmese monks and ten Sri Lankan monks. As part of this program, I would like to guide the students around Peradeniya University Campus in the afternoon of January 14. I would also like to introduce them to the Main Library. Therefore, I humbly request your permission for us to visit the library from 1 to 3 PM on that day. During this time, the students would like to use the resources of the library to find information as a class exercise.
For your information, I have enclosed the announcement of this course, which is offered free of charge to the students. The teachers are also offering their instructions completely voluntarily.
Thank you very much for your kind consideration of this request.
Sincerely Yours,
Ven. Manita
Burmese Monk
သီရိ သုဗောဓာရာမ ဗုဒ္ဓဘာသာစင်တာ
သီရိ သုဗောဓာရာမလမ်း၊ ပေရာဒေနိယ
ဇန်နဝါရီ ၁၁၊ ၂၀၁၀
စာကြည့်တိုက်မှူး
ပင်မစာကြည့်တိုက်
ပေရာဒေနိယ တက္ကသိုလ်
ပေရာဒေနိယ၊ သီရိလင်္ကာနိုင်ငံ
လေးစားရပါသော လူကြီးမင်းခင်များ -
အခုအချိန်မှာ ကျွန်ုပ်ဟာ ပါဠိနှင့် ဗုဒ္ဓဘာသာလေ့လာရေး ဌာနတွင် စာရင်းသွင်းထားပြီးဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ ကျောင်းသားမှတ်ပုံတင် နံပါတ်ကတော့ HD/MA/08/09/029 ဖြစ်ပါတယ်။ ဒီလမှာ ကျွန်ုပ်ဟာ ဗုဒ္ဓဘာသာ သက်သာချောင်ချိရေး သာသနာပြုအဖွဲ့ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒုတိယအကြိမ်မြောက် အင်္ဂလိပ်စာ မွမ်းမံသင်တန်း အစီအစဉ်တွင် ပါဝင်လုပ်ဆောင်နေပါတယ်။ သင်တန်းတွေကို ကန္ဒီ Buddhist Publication Society (BPS) မှာ ဇန်နဝါရီလ ၁၁-ရက် မှ ၂၅- ရက်နေ့အထိ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေကတော့ မြန်မာရဟန်းတော် ၃၃-ပါးနှင့် သီရိလင်္ကာရဟန်းတော် ၁၀-ပါး ဖြစ်ပါလိမ့်မယ်။ ဒီသင်တန်းရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျွန်ုပ်ဟာ ကျောင်းသားတွေကို ဇန်နဝါရီလ ၁၄-ရက်နေ့ နေ့လည်မှာ ပေရာဒေနိယ တက္ကသိုလ်အတွင်း လှည့်လည် ပြသချင်ပါတယ်။ ပြီးတော့ ပေရာဒေနိယ တက္ကသိုလ် ပင်မစာကြည့်တိုက်ကိုလည်း မိတ်ဆက်ပြချင်ပါတယ်။ ဒါကြောင့် ထိုနေ့ နေ့လည် ၁-နာရီမှ ၃-နာရီအထိ စာကြည့်တိုက်ကို ဝင်ရောက်လည်ပတ်ခွင့်ပေးဖို့ ကျွန်ုပ် အနူးအညွှတ် တောင်းပန်ပါတယ်။ ထိုလည်ပတ်စဉ်အတွင်း ကျောင်းသားတွေဟာ သင်တန်းလေ့ကျင့်ခန်းတစ်ခုအနေဖြင့် အချက်အလက်ရှာဖွေဖို့ စာကြည့်တိုက်ရဲ့ စာအုပ် စာပေအကိုးအကားတွေကို အသုံးပြုချင်ပါတယ်။
ဒီကျောင်းသားတွေအား အခမဲ့ပညာပေးတဲ့ ဒီသင်တန်းရဲ့ ငြေညာချက်စာကို သင်တို့သိစေရန် ကျွန်ုပ် ပူးတွဲ ပေးလိုက်ပါတယ်။ ဒီသင်တန်းရဲ့ဆရာတွေကလည်း သူတို့ရဲ့ လမ်းညွှန်သင်ကြားချက်တွေကို စေတနာသက်သက်ဖြင့် ပေးဝေသွားကြမှာဖြစ်ပါတယ်။
ဒီတောင်းပန်ချက်အပေါ်မှာ သင့်ရဲ့ အလေးအနက်ထား ကြင်နာစွာ စဉ်းစားပေးမှုအတွက် သင့်ကို ကျေးဇူးအများကြီးတင်ပါတယ်။
ရိုးသားခင်မင်စွာဖြင့် သင့်ရဲ့(ကျောင်းသား)
အရှင်မာနိတ
မြန်မာရဟန်းတော်

0 comments:
Post a Comment